ထန်းတပင်(ရန်ကုန်)၊ ဇန်နဝါရီ ၂၄
မျိုးဆက်သစ် ကလေးငယ်များ ဗုဒ္ဓဓမ္မပညာကို ဆက်လက်သင်ယူခွင့်မဆုံးရှုံးစေရန်နှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော် များကို မိမိတို့၏အိမ်ကပင် လေ့လာသင်ယူနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် အွန်လိုင်းမှသင်ကြား နည်းစနစ်ဖြင့် မြသိန်းတန်ဓမ္မစကူးလ် သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ နေကြောင်း မြသိန်းတန်ဓမ္မစကူးလ်ကော်မတီမှသိရသည်။
မြသိန်းတန်ဓမ္မစကူးလ်သင်တန်းကို မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ် ဆောင်ရွက်ပေး လျက်ရှိသော်လည်း ၂၀၂၀ခုနှစ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် သင်တန်း ကိုဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင် သတ္တမအကြိမ်မြောက်အဖြစ် အွန်လိုင်းမှ သင်ကြားနည်းစနစ် ဖြင့်ပြန်လည်၍ ဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရပြီး သင်တန်းကို မြသိန်းတန်ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ သုမနမှ ဦးစီး၍ သင်တန်း နည်းပြဆရာ၊ ဆရာမ(၂၃)ဦးတို့မှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့် ကျောင်းသား၊ သူကလေးငယ်(၁ဝဝ)ကျော်တို့ကို သတ်မှတ်အတန်းချိန်များအလိုက် ဇန်နဝါရီလ(၁၆)ရက် နေ့မှစတင်၍ အပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် အွန်လိုင်းကနေလေ့ကျင့်သင်ကြားပေးလျက်ရှိ ကြောင်းသိရသည်။
ယခုဖွင့်လှစ်လျက်ရှိသည့် အွန်လိုင်းဓမ္မစကူးလ်သင်တန်းသို့လည်း ထပ်မံ၍ တက်ရောက်လိုကြ သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မြသိန်းတန်ဘုရားကြီးကျောင်းတိုက် ဖုန်း-၀၉၄၂၀၀၆၇၂၀၀နှင့် ၀၉၄၂၀၁၂၀၅၉၀ သို့ ဆက်သွယ်၍ သင်တန်းတက်ရောက်နိုင်သေးကြောင်း မြသိန်းတန်ဘုရားကြီးကျောင်း တိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တသုမနထံမှသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)
ဖုန်း-၀၉၇၉၅၂၀၉၇၉၈