ပျော်ဘွယ် ဇန်နဝါရီ ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်ဖွဲ့စည်း ခဲ့သော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဦးဆောင်၍ စာရေးဆရာလယ်တွင်းသား စောချစ် ရေးသားသည့် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ”စာအုပ်အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ Book Club ဒုတိယဥက္ကဋ္ဌ ဦးအောင်လေး နှင့်အဖွဲ့ဝင်(၃)ဦးက ဆရာလယ်တွင်းသားစောချစ်၏ စာအုပ်ပါအကြောင်းအရာများနှင့် ပြင်ပလောကတွင် ဖြစ်ပျက်နေမှု အခြေအနေများ၊ မိဘများ၏ ပြုစုပျိုးထောင်မှု၊ သားသမီးတို့၏ လိုက်ပါဆောင်ရွက်နိုင်မှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပြန်/ဆက်)