အုတ်ဖိုမြို့နယ်တွင်သက်ကြီးဘိုးဘွားများအားထောက်ပံ့ငွေပေးအပ်
Jan 24,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် အသက်(၁၀၀) နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား ထပ်ဆောင်း ထောက်ပံ့ငွေ ထောက်ပံ့ခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း ဦးစီး ဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး အပ်လျက်ရှိကြောင်းသိရသည်။