လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင် ကျေးရွာတွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်​ဆေးဆောင်ရွက်

လောင်းလုံး ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် လျော့နည်းစေရန်ရည်ရွယ်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို စစ်ဆေးဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး၊ ဦးပြည့်ဖြိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄)ဦးမှ ပြင်ပတွင်ရောင်းချ​နေသော စက်သုံးဆီဆိုင် များအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေ များ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးချိတ်မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/ မရှိစစ်ဆေး ဆောင်ရွက်ခဲ့ပြီး စျေးသူစျေးသားများကို မီးသတ်ဆေးဘူး အသုံးပြုရမည့် အသိပညာပေးမှုများ ပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း( ပြန်/ဆက်)