တန့်ယန်းမြို့နယ်တွင် မီးဘေးလုံခြုံမှုရှိစေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

တန့်ယန်း       ဇန်နဝါရီ     ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံမှု ရှိစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့က စက်သုံးဆီအရောင်းဆိုင်များအား ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

အဆိုပါ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လျှပ်စစ်၊ စည်ပင်သာယာဌာနနှင့် တာဝန်ရှိသူတို့က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံမှု ရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေး ကြပြီး လိုအပ်သည်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)