လယ်ဝေး ဇန်နဝါရီ ၂၄
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask) တပ်ဆင်သွားလာရေးလှုပ်ရှားမှုကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့ မြို့မဈေးအနီးနှင့် ဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး လှုပ်ရှားမှုတွင် လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချို နှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ သီရီရတနာမြို့မဈေး အနီး လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးသူဈေးသားများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)