​​​ဖား​ဆောင်းမြို့နယ်တွင် ခွေးရူး​ရောဂါ ကာကွယ်​ဆေးများ အခမဲ့ထိုးနှံ​ပေး

ဖား​ဆောင်း ဇန်နဝါရီ ၂၅

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ခွေးရူး​ရောဂါ ကာကွယ်​ဆေးထိုးခြင်းဖြင့် ပြည်သူများအတွက် အန္တရာယ် ကင်းရှင်း​စေရန်နှင့်​ ခွေးရူး​ရောဂါ ကင်းစင်ပ​ပျောက်​ရေး​ ရည်မှန်းချက်နှင့်အညီ တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်​သော​ ရောဂါ မဖြစ်ပွား​စေ​ရေးအတွက် မြို့နယ်​မွေးမြူရေးနှင့် ကုသ​ရေးဦးစီးဌာနမှ​ ခွေးရူး​ရောဂါကာကွယ်​ဆေး​များ အခမဲ့ ထိုးနှံ​ပေးခြင်းကို ယမန်​နေ့ နံနက်(၉)နာရီ အချိန်မှ ည​နေ(၄)နာရီအချိန်ထိ အဆိုပါဦးစီးဌာနရုံး၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

​ခွေးရူး​ရောဂါ ကာကွယ်​ဆေးများ ထိုးနှံ​ပေးခြင်းကို ပြည်နယ်​မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး၊ ညွှန်ကြား​ရေးမှူး ​ဒေါက်တာဝင်းဦး၊​ ဘောလခဲခရိုင်​ဦးစီးမှူး၊ လက်​ထောက်ညွှန် ကြား​ရေးမှူး​ဒေါက်တာဝင်းသန်း၊ ဖား​ဆောင်းမြို့နယ် ဦးစီးမှူး၊ ဦးစီး အရာရှိ​ ဒေါက်တာ​ဇော်မြင့်​အောင်နှင့် ဝန်ထမ်းများက မြို့​ပေါ်ရပ်ကွက်မှ အိမ်​မွေး​ခွေးများကို​ ခွေးရူး​ရောဂါကာကွယ်​ဆေးများ အခမဲ့ ထိုးနှံ​ ပေးခြင်း၊ အိမ်​​မွေး​ခွေးများ စနစ်တကျ မွေးမြူထိန်းသိမ်း​စောင့်​ရှောက်​သော အ​လေ့အကျင့်​ကောင်းရရှိ​စေရန် အသိပညာ​ပေးခြင်း၊​​​ ခွေးရူး​ရောဂါအ​ကြောင်း အသိပညာ​ပေး လက်ကမ်းစာ​စောင်များ ဖြန့်​ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ခွေးရူး​ရောဂါကာကွယ်​ဆေး ထိုးနှံ​ပေးရခြင်း၏ ရည်ရွယ်ချက်မှာ “ခွေးရူး​ရောဂါဟာ ဗိုင်းရပ်စ်ပိုး ဖြစ်ပြီး လူအပါအဝင် ​သွေး​နွေးသတ္တဝါ များ၊ အိမ်​မွေး​ခွေး၊​ ကြောင်များနဲ့ တောရိုင်းတိရစ္ဆာန်​တွေမှာ ဖြစ်ပွားနိုင်ပါ တယ်။ ခွေးရူး​ရောဂါရှိတဲ့​ခွေး ကိုက်ခံရပါက ​ခွေးရူး​ရောဂါ (၁၀၀) ရာခိုင်နှုန်း ဖြစ်ပွားနိုင်တဲ့အတွက်  ယခုလို ကာကွယ်​ဆေးထိုးနှံ​ပေးရခြင်းဖြစ်​ပြီး၊ ပြည်သူ​တွေအ​နေနဲ့​ ခွေးရူး ရောဂါအန္တရာယ် က​နေ ကာကွယ်နိုင်တယ်ဆိုတဲ့ အသိစိတ်​တွေ၊ ဗဟုသုတ​တွေရရှိ​စေရန်နဲ့​ ခွေးရူး​ရောဂါနဲ့ သေဆုံးမှုအန္တရာယ်​ဘေးက​နေ ကာကွယ်နိုင်​စေရန် ဖြစ်​ကြောင်း နှင့် ယ​မန်နေ့တွင် အိမ်​မွေး​ခွေး(၁၀၀)​ကောင်ကို ခွေးရူး​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခဲ့​ကြောင်း” မြို့နယ်​မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး​ဒေါက်တာ​ဇော်မြင့်​အောင်ထံမှ သိရ သည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)