သဲကုန်းမြို့နယ်တွင် Mobile Tablet Training အသုံးပြုနည်း သင်တန်းပေး
Jan 25,2021
ပြည်သူများ ကျန်းမာရေးအသိပညာ မြင့်မားတိုးတက်လာစေရန်၊ ပြည်သူ့ကျန်းမာရေးပညာရှင် များ အရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ Tele-education, tele-medicine နှင့် Tele-communication ဆောင်ရွက်နိုင်စေရန်၊ ပြောင်းလဲတိုးတက်လာသည့် ကျန်းမာရေးသတင်းအချက်အလက်များနှင့် ဆက်သွယ်ရေး နည်းပညာရပ်များ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများကို mobile tablet training အသုံးပြုနည်း လမ်းညွန်ချက်များ သင်တန်းပေးခြင်းကို ယမန်နေ့က သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။