ဒီးမော့ဆိုမြို့နယ်တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Jan 25,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာအုပ်စု (၄)မိုင်က ဖုကျေးရွာတွင် ယနေ့ နံနက် ၁ နာရီခန့်က မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒီးမော့ဆိုမြို့နယ် မီးသတ် စခန်းမှ မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန် ဦးဆောင်သော တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၃ စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။