နတ်မောက် ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တမလန်းပင်ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာသို့ ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က သောက်သုံး ရေများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်ရေများလှူဒါန်းရာတွင် အလှူရှင်များဖြစ်သည့် နတ်မောက်မြို့နေ ဦးထွန်းမင်းသိန်း နှင့် ဇနီးဒေါ်သီရိဖူးကို (PK)Mobine ဖုန်းအရောင်းဆိုင်မိသားစုတို့မှ အင်တောရွာသစ်ကျေးရွာသို့ အရောက် စိတ်ဓာတ်ဖြူစင်ကရုဏာရှင်လူမှုကူညီရေးအသင်းမှ ဦးဆောင်၍ ရေဂါလံ (၂၈၀၀)ဆံ့ရေသည်ယာဉ်ဖြင့် ပြည်သူများ အားသောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“ယခုလို သောက်သုံးရေလှူဒါန်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယခင်နှစ်တွေက တပိုတွဲ၊ တပေါင်း လရောက်မှ သောက်သုံးရေလှူဒါန်းရခြင်းဖြစ်ပြီး ယခုနှစ်မိုးရာသီမှာ မိုးရွာ သွန်းမှုနည်းပါး မှုကြောင့် ပြာသိုလဆန်းကတည်းက သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာနေပြည်သူများအား သောက်သုံး ရေရရှိစေရေး လှူဒါန်းပေးရခြင်းဖြစ်ပြီး အလှူရှင်များကိုယ်စား သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများသို့ ဆက်လက်လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း” စိတ်ဓါတ်ဖြူစင်ကရုဏာရှင် လူမှုကူညီရေး အသင်း တွဲ-အတွင်းရေးမှူးထံမှ သိရသည်။
လှဝင်း(နတ်မောက်)