ခေါဇာ ဇန်နဝါရီ ၂၅
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ခေါဇာမြို့အတွင်းရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် အသစ်ပြန်လည်ရွေးချယ်နိုင်ရေး ဥပဒေ ၊နည်းဥပဒေ များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများကို ယနေ့နံနက်ပိုင်းက ခေါဇာမြို့၊ ကဗျာ ကျေးရွာအုပ်စု၊ ကဗျာဝကျေးရွာဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာမြို့နယ်အဆင့် ကြီးကြပ်ရေးကော်မတီအဖြစ် ဖွဲ့စည်းတာ၀န်ပေးအပ်ထားသည့် အဖွဲ့ (၇) မှအဖွဲ့ခေါင်းဆောင်း ခေါဇာမြို့၊ မြို့အုပ် ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်း ဥပဒေများအား ပြည်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ဒေသခံ ပြည်သူများက သိလိုသည်များ အား မေးမြန်းကြရာ ကြီးကြပ်ရေးကော်မတီ တာ၀န်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)