ကျိုက်မရော ဇန်နဝါရီ ၂၅
မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမင်းအောင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုရဲအုပ်ပြည့် ဖြိုးအောင်နှင့်တပ်ဖွဲ့ဝင်များက ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တစ်ဆမှုများ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လှုပ်ရှားမှုနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း Mask များ မဖြစ်မနေတပ်ဆင် ကြစေရန်ပညာပေး၍ နှာခေါင်းစည်းဖြန့်ဝေခြင်းကို ယနေ့နံနက် ၉နာရီက ကျိုက်မရော မြို့အဝင် လမ်းရှိ ကော့တာဘုန်းကြီးကျောင်းလမ်းဆုံ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်စီးနှင်းသူများအား ဦးထုပ်ဆောင်းထားခြင်း ရှိမရှိ၊ယာဉ်မောင်းလိုင်စင်ရှိ/မရှိနှင့်အသက် ၁၈ နှစ် မပြည့်သူကလေးသူငယ်များ ဆိုင်ကယ်မောင်းနှင်ခြင်းများ အား လိုက်နာဆောင်ရွက်ရမည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ၊ လမ်းလျှောက်သူများ လိုက်နာကျင့်သုံးရမည့် လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှ၍ ပညာပေးဆောင်ရွက်ခြင်းနှင့် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်စေရေးအတွက် နှာခေါင်းစည်း (mask) များအား အခမဲ့ဖြန့်ဝေခြင်းများကို လမ်းဆုံလမ်းများ၌ နံနက် ၉ နာရီမှ စ၍ ဆောင်ရွက်လျက်ရှိ ကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ပြည့်ဖြိုးအောင်ထံမှ သိရသည်။
ချိုချို (ပြန်/ ဆက်)