ထီးလင်း ဇန်နဝါရီ ၂၅
လယ်ယာမြေများ၌ နွေစပါးနှင့်အခြားသီးနှံများ အချိန်မီ ရေသွင်း စိုက်ပျိုးနိုင်စေရေး တို့အတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ နယ် သရခါကျေးရွာအနီးရှိ ရပ်မဆည်ကို ယခုအခါ ဆည်ခတ် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါသရခါကျေးရွာ ရပ်မဆည်ကို အမှီပြု၍ ထီးလင်းမြို့ အမှတ်(၁/၂)နှင့် သရခါ ကျေးရွာရှိ တောင်သူများက နွေရာသီတွင် နွေစပါးစိုက် ဧက(၃၀၀)ဧက၊ မိုးရာသီတွင် မိုးစပါး စိုက်ဧက(၄၁၀)ဧက နှင့် အခြား ရာသီသီးနှံများကို နှစ်စဉ် ရေသွင်းစိုက်ပျိုးလျက်ရှိသည်။
ထီးလင်းမြို့နယ် သရခါကျေးရွာ ရပ်မဆည်မှာ မောချောင်းထဲသို့ စီးဝင်နေသည့် ကြည်ချောင်းရေကို ဆည်ခတ်ထားခြင်းဖြစ်ပြီး မြောင်းအရှည် (၂) မိုင် ရှိကာ အလျား(၂၀၀)ပေ၊ အနံ(၂၆)ပေ၊ အမြင့် (၉)ပေ ရှိကြောင်းနှင့်တောင်သူများက သစ်/ဝါးများကို အသုံးပြု၍ စိုက်ပျိုးရေ ရရှိရေးအတွက် ဆည်ခတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)