ပိုင်ကျုံမြို့ နောင်ခလုံး-ပညာပလီ-လော်ကော်-နတ်ကြီးကျေးရွာချင်းဆက် ကျောက်လမ်း ခင်းခြင်း လုပ်ငန်းများဆောင်ရွက်

ပိုင်ကျုံ  ဇန်နဝါရီ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာ များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများအ‌ကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိရာ နောင်ခလုံး-ပညာပလီ-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက်ကျောက်လမ်းခင်းခြင်းလုပ်ငန်းများဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 အဆိုပါ‌ကျောက်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည်(၆)မိုင်၊(၄)ဖာလုံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်သန်း (၁၆၃)‌ ကျော်ဖြင့် Htut & Familyကုမ္မဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိပြီး ယခုအခါ (၃၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ရာ ရာနှုန်းပြည့်ပြီးစီးသွားပါက နောင်ခလုံး-ပညာပလီ-လော်ကော်-နတ်ကြီး ကျေးရွာများရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများ၏ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူလူမှုရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ အဆင်ပြေလာမည်ဖြစ် ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)