ဝန်းသို ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်သည် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီး အနီးဝန်း ကျင်တစ်ဝိုက်တွင် ထူးခြားအံ့ဖွယ် ကျောက်မောင်းတောင် တော်စေတီ၊ ရှေးဟောင်း ပျော်တောင်ဘုရား၊ ဂျိုးတောင် တောင်မကြီးဘုရား၊ တော်ရှောဘုရား၊ မော်နိုင်းကျောင်းတိုက် ရွှေကူကုန်းမြေ၊ ကျောက်လှုပ်လဲ့စေတီ၊ ကင်းကန်တောင် ဆုတောင်းပြည့် စေတီတော်၊ ကင်းမြင်သာကန်စသည့် ဒေသန္တရခရီးသွားလေ့လာလည်ပတ်၊ ဖူးမြော်ကြည်ညိုဖွယ် နေရာများစွာရှိသည်။
ယခုအခါ ထိုနေရာများအပြင် တောတောင်ရှုခင်းများနှင့် လေ့လာလည်ပတ်ဖူးမြော်ကြည်ညိုစရာ တစ်ခုထွက်ပေါ်လာသည့် ရှေးနှစ်ပေါင်းများ စွာက မောင်ပျင်း (ခေါ်) စောနန္ဒဘုရင် တည်ထားခဲ့သော အိမ်ခြေ ပေါင်းတစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိ မြို့ကြီးကို နတ်ဖွက်ထားခဲ့ သည် ဟုဆိုကြသည့် နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်းကြီးပင်ဖြစ်သည်။
အဆိုပါနတ်မြို့(ခေါ်)ကျောက်မြို့ဟောင်းကြီးသည် ဝန်းသိုမြို့နယ်အဆုံး ပင်လည်ဘူးမြို့နယ်နှင့် ထိစပ်နေသည့် အောင်းပင်ကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်အကွာ ဝိန်ဘာတောင်တွင်တည် ရှိသည်။ ကျောက်ဆောင်ကျောက်တံတိုင်းကြီးများနှင့် တစ်မိုင်ပတ်လည်ခန့် ကာရံထားပြီး မြို့ဝင်ပေါက် (၄) ခုရှိသည်။ ကျောက်ဖြာများကို ခြေဖိနှောင့်ဖြင့် ဆောင့်ကြည့်လျှင် လိုင်သံထွက် ပေါ်ပြီး နတ်ကြီးသည်ဟုလည်း ဆိုကြသည်။ ထို့အပြင် ထူးခြားသည့် ကျောက်စေတီ၊ ကျောက်မဏ္ဍပ်၊ ယမ်းထောင်းသော ကျောက်ဆုံ၊ ကျောက် ကျည်ပွေ့၊ ကျောက်အမြောက်၊ နတ်ရေကန်၊ ဥစ္စာတိုက်၊ ကျောက်လှေ၊ ကျောက်ထိုင်ခုံ၊ နှစ်ပေါင်း(၅၆) နှစ်ရှိ စူဠာမုနိစေတီတော်၊ ကျောက်ဘီလူး၊ ကျောက်ဟင်္သာ၊ ကျောက်နံရံကြီးများ၊ နတ်ခြေရာများ၊ ကျောက်မျှော်စင် စသည့်နေရာများကို လေ့လာဖူးမြော်ရမည်ဖြစ်ပြီး ကျောက်မျှော်စင်မှ ပင်လည်ဘူး နယ်ကွင်း၊ မိုင်းသုံကွင်း၊ ဂျိုးတောင်ကွင်း၊ အောင်းပင်အုပ်စုကွင်းတို့၏ သဘာဝတောတောင်ရှုခင်းများနှင့် သစ်ရိပ်၊ ဝါးရိပ်ဖြင့် စိတ်အေး ချမ်းသာစွာ ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်သည်။
“ရှေးနှစ်ပေါင်းများစွာက မောင်ပျင်း(ခေါ်) ရှမ်းအမည်(အဲခန်း)တစ်ယောက်က မဟာမြိုင်ကနေ စစ်ရှုံး ပြီးထွက်လာတဲ့အခါ ဝန်းသို ဒေါင်းမြူးချောင်းအနောက် ကိုးတန်ချောင်းဝမှာ တောင်ယာ ခုတ်ပြီး နေထိုင်ခဲ့ တယ်၊ အဲ့လိုတောင်ယာခုတ်ရင်းနဲ့အချိန်ကြာလာတော့ ဝန်းသိုစော်ဘွား သမီးနဲ့ရပြီး ကလေးတစ်ယောက် မွေးဖွားခဲ့တယ်၊ သူတို့မိသားစု တောင်ယာခုတ်နေထိုင်ခဲ့တဲ့အခါ တစ်နေ့မှာ မျောက်ဖြူကြီးဆီက လိုတတိုင်း ရရှိနိုင်တဲ့ နတ်တို့ရဲ့ပလုပ်တုပ်ဗုံထောင်စင်္ကြာက ိုရတယ်၊ အလိုရှိတိုင်းပြီးမြောက်နိုင်တဲ့ စင်္ကြာဗုံထောင်ကို ရတဲ့ အတွက် မောင်ပျင်းက လူကိုယ်နဲ့ တောတောင်နတ်ဖြစ်လေတယ်၊ ဗုံထောင်စင်္ကြာနဲ့ ဆင်၊ မြင်းတွေကို ဖန် ဆင်းပြီး ကျောက်မြို့ကိုတည်ခဲ့တယ်၊ အကျဉ်းချုပ်ပြောရရင် မောင်ပျင်းက ဝိန်ဘာမြို့(ကျောက်မြို့)ကို ဗုံထောင်စင်္ကြာတန်ခိုးနဲ့ မြို့ဖွက်ထားခဲ့ပြီးတော့ မိုင်းသုံတောင်မကြီးကို ပြောင်းသွားခဲ့တယ်၊ နတ်မြို့ဖန်ဆင်း ထားခဲ့တဲ့အခါ လူများမမြင်မတွေ့ရတော့ဘူး ဖန်ဆင်းတဲ့အထဲ အိမ်ထောင်စု အရေအတွက်က အိမ်ခြေပေါင်း တစ်သောင်း၊ ဘုန်းတော်ကြီးကျောင်းပေါင်း တစ်ထောင်ပါဝင်သွားခဲ့ တယ်လို့ ဆိုတယ်၊ နောက်ပိုင်းမှာတော့ မောင်ပျင်း(ခေါ်) စောနန္ဒဘုရင်က မိုင်းသုံတောင်မကြီးမှာ မြို့သစ်တည်ထောင်ခဲ့ပြီးနေတယ်၊ မိုင်းသုံတောင် ကိုအစွဲပြုပြီးတော့ လူစင်စစ်က နတ်ဖြစ်တဲ့အတွက် “မိုင်းသုံ ဘိုးဘိုး”ဟု အမည်တွင်ခဲ့တယ်၊ ပုဂံသာသနာ သက္ကရာဇ် (၁၀၄)ခုနှစ် အရှင်အရဟံမထေရ်နဲ့ အရှင်ဓမ္မသာရမထေရ်နှစ်ပါးတို့နှစ်ပါးက ပင်လည်ဘူးနယ် မန်ယူးဒေသမှာ သာသနာပြုတော်မူချိန်မှာ မိုင်းသုံဘိုးတော် စောနန္ဒက အရှင်မထေရ်မြတ် နှစ်ပါးတို့ရဲ ဟောကြား
ဆုံးမတဲ့ ဗုဒ္ဓတရားတော်မြတ်ရဲ့ သတိပဌာန်းလေးပါးကို နေ့/ညခံယူဆောက်တည် အား ထုတ်တော်မူတဲ့ အတွက် သစ္စာလေးပါးမြတ်တရားကို မျက်ဝါးထင်ထင်တွေ့မြင်တော်မူပြီး သောတာပန်တည်သွားခဲ့တယ်လို့ ဆိုကြတယ်” ဟု ကျောက်မြို့ဟောင်း သမိုင်းအကျဉ်းကို မိုင်းသုံကျေးရွာဆရာတော်က မိန့်ကြားခဲ့သည်။
ယခုအခါတွင် ဝန်းသိုမြို့နယ် မော်နိုင်းကျောင်းတိုက် ရွှေကူကုန်းမြေတွင်လည်းကောင်း၊ ဝန်းသိုမြို့ မြမာလာရပ်တွင်လည်းကောင်း ဦးပျင်း (ခေါ်) မိုင်းသုံဘိုးတော်ကြီးနတ်နန်းတို့ကို လက်ဝဲစစ်ကဲ၊ ၊လက်ယာ စစ်ကဲကိုယ်တော်ကြီးများဖြင့် တည်ထားလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ရောက်ရှိ လာကြသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ဦးခိုက်ပူဇော်ပသ လျက်ရှိကြသည်။
“ကျွန်တော်တို့ လေးနှစ်အရွယ်လောက်ကပေါ့ ဒီကျောက်မြို့ဟောင်းပေါ်မှာ ဆရာတော်ကြီး ဦးစန္ဒာဝရက သီတင်းသုံးနေထိုင်တော်မူခဲ့တယ်၊ ဆရာတော်က စူဠာမုနိစေတီတော် တစ်ဆူတည်ခဲ့ တယ်၊ တည်တဲ့ခုနှစ်က ၁၃၂၆ ခုနှစ်ဆိုတော့ နှစ်ပေါင်း(၅၆)နှစ်ရှိပြီဖြစ်ပါတယ်၊ ဆရာတော်ကြီး ဦးစန္ဒာဝရက မိမိ ကိုယ်တိုင်ရုပ်ကလပ်ကို ဖယောင်းသင်္ကန်းခြုံပြီး မီးသဂြိုလ်ပူဇော်သွားခဲ့တယ်၊ အဲ့ဒီအချိန်ကစပီးတော့ ဒီကျောက်မြို့က သာသနာပြတ်လပ်သွားတာ တော်တော်ကြီးနှစ်ပေါင်းကြာ ခဲ့ပါပြီ၊ ဒီနေ့ဒီအချိန်မှာမှ ကျောက် လှုပ်လဲ့ဆရာတော်ကြီးက ဦးစီးဦးဆောင်လုပ်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေ၊ ကျွန်တော်တို့ ကျေးရွာပြည်သူများ ဝိုင်းဝန်း ပူးပေါင်းပြီးတော့ သာသနာစည်ပင်ထွန်းကာလာအောင် ဆောင် ရွက်နေခြင်းဖြစ်ပါတယ် “ဟု မိုင်းသုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်အေးက ပြောသည်။
ကျောက်မြို့ဟောင်း သာသနာပြုဖြစ်ရခြင်းနှင့် ပတ်သက်၍ “ဦးပဉ္ဇင်းတို့ နတော်လဆန်း(၄)ရက်က စပီးတော့ ဒီနေ့အထိဆိုရင် ရက်ပေါင်း ၂၀ကျော်ရှိခဲ့ပါပြီ ရက်တိုတိုအတွင်းမှာ ကျောက်မြို့ကို ဆိုင်ကယ်နဲ့ တက်ရောက်ဖူးမျှော်နိုင်အောင် ကျေးရွာပြည်သူဒါယကာ ဒါယိကာမများနဲ့ ဆိုင်ကယ် လမ်းဖောက်လုပ်ခဲ့တယ်၊ ပြာသိုလပြည့်နေ့မှာလဲ စူဠာမုနိစေတီတော်ထီးအသစ် တင်လှူပူ ဇော်ပွဲကို ပြုလုပ်သွားမှာပါ၊ ဆက်လက် ပြုပြင်စရာတွေကတော့ အများကြီးရှိတာပေါ့ ဖြေးဖြေးခြင်းဆောင် ရွက်ရမှာပါ၊ ဦးပဉ္ဇင်းအနေနဲ့ ဝန်းသိုမြို့ရဲ့ ဂုဏ်ကျက်သရေကိုဆောင်နိုင်ဖို့ အပန်းဖြေခရီးသွား လေ့လာစရာနေရာလေးတစ်ခု ဖြစ်ပေါ်စေချင်တဲ့စိတ်နဲ့ အခုကျောက်မြို့ဟောင်းကို ဖော်ထုတ်ခြင်း ဖြစ်ပါတယ် “ ဟု ကျောက်လှုပ်လဲ့ဆရာတော်က မိန့်ကြားခဲ့သည်။
ထို့အပြင် အိမ်ခြေပေါင်းတစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင် တိမ်မြူပ်ပျောက်ကွယ်ခဲ့သည့် နတ် မြို့(ခေါ်) ကျောက်မြို့ဟောင်းသို့ ခရီးသွားလေ့လာစရာ နေရာတစ်ခုဖြစ်ပေါ်လာစေရန်စီစဉ်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ပြည်သူများ လွယ်လင့်တကူ သွားရောက် လေ့လာနိုင်ရန် စက်ယန္တရားများ အသုံးပြု၍ လမ်းဖောက်လုပ်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စား လှယ်နှင့် သက်ဆိုင်ရာဌာနများကလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နတ်မြို့(ခေါ်)ကျောက်မြို့ဟောင်းသို့ ရပ်ဝေးရပ်နီးမှ ခရီးသွားလေ့လာကြမည်ဆိုလျှင် ဝန်းသို-ကျောက်မြောင်း- ကွန်းပေါင်း- လက်ပံကျင်း- အောင်းပင်ရွာထိ ၁၂မိုင်ခန့် ကား/ဆိုင်ကယ် များဖြင့် လည်းကောင်း၊ အောင်းပင်ရွာမှ ကျောက်မြို့ဟောင်းထိ ၃မိုင်ခန့် ခြေလျှင်ဖြင့်လည်းကောင်း ဆိုင်ကယ်ဖြင့် လည်း ကောင်းသွားရောက်လေ့လာနိုင်ကြပြီး လမ်းတစ်လျှောက်တွင်လည်း သစ်ရိပ်၊ ဝါးရိပ်များ၏ တောတောင် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် အိမ်ခြေပေါင်းတစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင် တိမ်မြူပ်ပျောက် ကွယ်ခဲ့သည့် ဂမ္ယီရဆန်ဆန်နတ်မြို့(ခေါ်) ကျောက်မြို့ဟောင်းနေရာသည် ဝန်းသိုမြို့နယ်တွင် စိတ်ဝင်စားဖွယ်၊ လေ့လာလည်ပတ်ဖူးမြော်ကြည်ညိုစရာနေရာတစ်ခု ထပ်တိုးလာသည်ဟု ဆိုဖွယ်ရာဖြစ်ပြီး ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ သွားရောက်လေ့လာဖူးမြော်နိုင်ကြစေရန် ရည်သန်း၍ ရေးသားတင်ပြလိုက်ရပါသည်။
ကျော်မြိုင် (ပြန်/ဆက်)