ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်
Jan 25,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် (၁၉၂.၀၀၀)သန်းဖြင့် ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာအုပ်စုနှင့် လုံခုတ်ကျေးရွာအုပ်စုရှိ နမ့်ပေါ်ဟွန်း-သက်သာ-ပုံချောင် မြေလမ်း အား (၁/၄)မိုင် ကျောက်ခင်းခြင်း (ကတ္တရာပံ့ပိုး)လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအချိန်မီ ပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် တာဝန်ရှိသူတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ (ကတ္တရာပံ့ပိုး) ကျောက်ခင်းခြင်းလုပ်ငန်း (၁/၄)မိုင် အနက် (၀/၆)မိုင် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။