မုံရွာမြို့တွင် မူလမြေပိုင်ရှင် (၈) ဦးအား မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းများ ပြန်လည်ပေးအပ်

မုံရွာ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီရုံး မြသလ္လာအစည်းအဝေးခန်းမတွင် မုံရွာတောင်ရပ်ကွက်ရှိ ရွှေနဂါးမင်းကုမ္ပဏီမှ ပြန်လည်စွန့်လွှတ်ခဲ့သည့် မြေများအား မူလပိုင်ရှင် များထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူ များနှင့်အတူ မုံရွာတောင်ရပ်ကွက်ရှိ ရွှေနဂါးမင်းကုမ္ပ်ဏီမှ ပြန်လည် စွန့်လွှတ်ခဲ့သည့် မြေများအား မူလပိုင်ရှင် (၈)ဦးထံသို့ မြေပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် စာရွက်စားတမ်းများကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သိရသည်။

ယနေ့အခမ်းအနားတွင် ရွှေနဂါးမင်းကုမ္ပဏီမှ ပြန်လည်စွန့်လွှတ်ခဲ့သည့် မုံရွာတောင်ရပ်ကွက်မှ မြေများအား ပထမအသုတ်အဖြစ် မြေဧက (၇.၉၈၃) ဧကရှိမြေများအား မူလပိုင်ရှင် (၈) ဦး ထံသို့ပြန်လည် လွှဲပြောင်း ပေးခြင်းဖြစ်ကြောင်းနှင့် ရွှေနဂါးမင်းကုမ္ပဏီမှ ပြန်လည်စွန့်လွှတ် ခဲ့သည့် မုံရွာတောင်ရပ်ကွက်မှ မြေများအား ပထမ အသုတ်အဖြစ် မြေဧက (၈.၈၆၁) ဧက အကျယ်ရှိ မြေများကို မူလပိုင်ရှင် (၁၃)ဦးထံသို့ (၂၇.၂.၂၀၂၀)ရက်နေ့တွင် လည်းကောင်း ပြန်လည်ပေးခဲ့ကြောင်း သိရသည်။

ရွှေနဂါးမင်းကုမ္ပဏီမှ ပြန်လည်စွန့်လွှတ်ခဲ့သည့် မြေများအား မူလပိုင်ရှင်များထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ၊ မူလမြေပိုင်ရှင်များနှင့် မြို့မိမြို့ဖ များတက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)