ရွှေတောင်မြို့နယ် နယ်မြေမီးသတ်စခန်း ပန္နက်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ရွှေတောင် ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်နယ်မြေမီးသတ်စခန်း  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ခွင့်ပြုမိန့် ရရှိထားပြီး ဆောက်လုပ်မည့် အဆောက်အဦးအား ပန္နက်တင်ပွဲ အခမ်းအနားကို နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ဆောက်လုပ် မည့် အဆောက်အဦး မြေနေရာတွင် ပန္နက်တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၁) တိုင်းဒေသကြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ အဆောက်အဦး ဆောက်လုပ်မည့် မြေနေရာတွင် ပန္နက်ရိုက်၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)