ပန်းတောင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ခြင်း၊ ကြက်ခြေနီ အသင်းခွဲရုံးသစ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင်  မြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံးဖွင့်ပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စား လှယ်ဒေါ်ပပဟန် ပြည်ခရိုင်၊ ကြက်ခြေနီဥက္ကဋ္ဌ၊ ကြည်ထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်မင်းအုဋ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ကြက်ခြေနီရုံးခန်းမတွင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် ဆုတံဆိပ်များကို ကြက်ခြေနီတပ်ဖွဲ့ဝင် များ အား ပြည်ခရိုင်တပ်ဖွဲ့မှူး ဦးဝင်းကြိုင်က ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ခရိုင် ကြက်ခြေနီဥက္ကဋ္ဌ၊ ပြည်ခရိုင် တပ်ဖွဲ့မှူး၊ မြို့နယ်ဌာနဆိုင်ရာများ စုစုပေါင်းအင်အား (၃၀)ဦးခန့် တတ်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)