ပွင့်ဖြူ ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပျိုးပင်များ အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း နှင့် တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မော်နှင့် ဝန်ထမ်းများလိုက်ပါ၍ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် အပူပိုင်းဒေသစိမ်း လန်းစိုပြည် စေရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်အတွက် မိုးရာသီတွင် စိုက်ပျိုးဆောင်ရွက်မည့် ရွှေစက်တော်ကြိုးဝိုင်း အကွက်အမှတ်(၉)အတွင်း ရေဝေရေလဲစိုက်ခင်း ဧက ၃၀ စိုက်ပျိုးရန် မြေကျင်းတူးဖော်ပြီးစီးမှုအခြေအနေများနှင့် စိုက်ခင်းရှင်းလင်းဆောင် ဆောက်လုပ်ထား ရှိမှုများ ၊ စိုက်ခင်းပျိုးဉယျာဉ်ခြံတွင် အရိပ်ရပျိုးပင်များ ပျိုးထောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ အရိပ်ရပျိုးပင်များ ရှင်သန်ကြီးထွားရေး စနစ်တကျ ထိန်းသိမ်းသွားရန်နှင့် အရိပ်ရပျိုးပင်များ စိုက်ပျိုးချိန်တွင် အချိန်မီစိုက်ပျိုးသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ကြိုးဝိုင်း သစ်တောများ ပြုန်းတီးမှု မရှိရေးအတွက် စနစ်တကျ ကာကွယ် ထိန်းသိမ်းရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနရုံးသို့ သွားရောက်ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် မိုးရာသီတွင် သဘာဝပတ် ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်ရေး စိုက်ပျိုးရန် လူထုဖြန့်ဝေစိုက်ပျိုးရန်နှင့် ဒေသခံအစုအဖွဲ့ပိုင် သစ်တော စိုက်ခင်း စိုက်ပျိုးရန်အတွက် အရိပ်ရပျိုးပင်များ ပြုစုပျိုးထောင် ထားရှိမှုနှင့် ပျိုးပင်ကြီးများ ထိန်းသိမ်း စိုက်ပျိုးထားရှိမှုများ ၊ (၁/၂၀၂၁) လေလံတင်ရောင်းချမည့် ပုံစံ(၈)သစ်များနှင့် ရေတိုက်စားမှု ဒဏ် ကာကွယ်ရေးအတွက် ဗာတီဗာမြက်များ ပျိုးထောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ် သစ်တောဦးစီးအရာရှိ ဦးအောင်မော်က သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရ ပျိုးပင်များ ပြုစုပျိုးထောင်ထားမှုများနှင့် စပ်လျဉ်းပြီး ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက အရိပ်ရပျိုးပင်များ ရှင်သန်ကြီး ထွားရေး အလေးထားဆောင်ရွက်ရန်နှင့် ပွင့်လင်း ရာသီကာလ မီးဘေးလုံခြုံရေးအတွက် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)