ဘုတလင် ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေ ကျပ်သိန်း ၃၀ ကို ယနေ့ မနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင်နှင့် ကျန်းမာရေး ဝန်ထမ်းများက အလှူငွေ ကျပ်သိန်း ၃၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စာရင်းသို့ ထည့်ဝင်လှူဒါန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဘုတလင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် ဆုံကုန်းကျေးရွာ ပြည်သူ များကလည်း ယခုလအတွင်းက ငွေကျပ် ၁၄ သိန်း၊ ၂ သောင်းကို ပထမဆုံး ထည့်ဝင်လှူဒါန်းခဲ့ပြီး ဘုတလင် မြို့နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဒုတိယ မြောက် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
နှင်းယုအေး