ကျောက်တန်း ဇန်နဝါရီ ၂၅
ပွင့်လင်းရာသီ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် ကြိုတင် ကာကွယ်နိုင်စေရန် ရန်ကုန်တိုင်းဒေသ ကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးအောင်ကျော်ဝင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးဘေး အန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး မီးသတ်စခန်းမှူး ဦးကျော်သူရမျိုးက မီးလောင်မှုဖြစ်ပွားစဉ် မီးသတ်ဆေးဘူး ဖြင့် မီးငြှိမ်းသတ် နည်းအဆင့်ဆင့်ကို သရုပ်ပြရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်တန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်တင်မိုးဆွေနှင့် ဈေးကော်မတီ ဒေါ်သန်းသန်းကြူတို့က မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းနည်းကို လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)