နမ့်စန်(တ) ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်က အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ နှင့် ဦးစိုင်းလုံတို့က မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းက မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆန်းစစ်သုံးသပ်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့သော နမ့်စန်မြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်း (၃၄)ယူနစ် ကျေးရွာများမှ မြစိမ်းရောင်ကော်မတီ တာဝန်ရှိသူများက ကျေးရွာတစ်ရွာချင်းအလိုက် စီမံကိန်းဆောင်ရွက်နေမှု အခြေအနေ ၊ အားသာချက် ၊ အားနဲချက်နှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)