တောင်ကြီး ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ပေါ် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အမှတ်(၁၈)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ရုံး(ရှမ်း/တောင်)၊ ကမ်းလက်မေတ္တာနှင့် အာရှဖောင်းဒေးရှင်းတို့ ပူးပေါင်းအဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲပိုင်းက အနောက်မြို့ပတ်လမ်း၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရှမ်း/တောင်)၊ ရဲအုပ်(ယာဉ်အမှုစစ်) ထွန်းထွန်းဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းခေါင်းစဉ်ဖြင့် ပါဝါပွိုင့်ဖြင့်ပြသ၍ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာ သောပြည်သူများက သိရှိလိုသည်အချက်များကို မေးမြန်းခဲ့ရာမေးမြန်းချက်များကို အမှတ်(၁၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (ရှမ်း/တောင်)၊ ရဲအုပ်(ယာဉ်အမှုစစ်) ထွန်းထွန်းဝင်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများကို မော်တော်ဆိုင်ကယ် မောင်းနှင်းသူများအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)