ရပ်စောက်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စု(၇၃၆)စုအား ထောက်ပံ့ငွေ ပေးအပ်

 

ရပ်စောက်       ဇန်နဝါရီ          ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း နိုင်ငံတော်မှ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးတင်ပြထားသည့် အခြေခံလူတန်းစားများအား ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ  ထောက်ပံ့ငွေများပေးအပ်ရာတွင် ထပ်တိုးတင်ပြထားသည့် ရပ်ကွက်/ကျေးရွာ အုပ်စုရှိ အခြေခံ လူတန်းစား အိမ်ထောင် (၇၃၆)စုအတွက် တစ်အိမ်ထောင်စုလျှင်ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၄၇၂၀၀၀၀)သိန်းကို မြို့နယ် လူမှုဝန် ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးတို့က အိမ်တိုင်ရာ အရောက် ထောက်ပံ့ ငွေများကို ပေးအပ် ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)