ဘားအံမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ) အဆောက်အဦသစ်(၇)လုံးပန္နက်တင်

ဘားအံ           ဇန်နဝါရီ  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်တွင် တည်ဆောက်မည့်   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့် အစိုးရစက်မှု လက်မှုသိပ္ပံ (ဘားအံ) ပင်မဆောင်အပါအဝင်  အဆောက်အအုံသစ်(၇)လုံး ပန္နက်တင်ခြင်းကို    ယမန်နေ့ နံနက်၉နာရီ အချိန်က ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု စက်မှုဇုံအနီးတွင် ပန္နက်တင် ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဲ့ဒီပန္နက်တင် အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ အစိုးရနည်း ပညာ အထက်တန်းကျောင်း(ဘားအံ)မှ ကျောင်းအုပ် ဒေါက်တာချိုယုမွန်နှင့် တာဝန်ယူတည်ဆောက်မည့် သက်ဆိုင်ရာ  ကုမ္ပဏီများမှ တာ၀န်ရှိသူများက ပန္နက်တိုင်စိုက်ထူပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းကာ အမှတ်တရ ကံ့ကော်ပင် စိုက်ပျိုးပေးခဲ့ ကြောင်းသိရသည်။

ဘားအံမြို့တွင် တည်ဆောက်သည့် အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) ပင်မဆောင်အပါမှာ သံကူကွန်ကရစ် (၃)ထပ်(၂၁၇) ပေ(၁၃၀)ပေကို သီဟမင်းဆွေ (TMS) ကုမ္ပဏီမှ လည်းကောင်း၊အလုပ်ရုံ(၁)ထပ်(၁၂၅)ပေ(၈၂)ပေကို ရှားမူလာ ဆောက်လုပ် ရေး ကုမ္ပဏီမှ လည်းကောင်း၊ ဝန်ထမ်းအိမ်ယာ သံကူကွန်ကရစ်(၄) ခန်းတွဲ (၄)ထပ်( ၇၈)ပေ (၉၄)ပေ(၃)လုံးကို သမိန်ဗရန်း လုပ်ရေးကုမ္ပဏီ၊ နန်းထိုက်တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ၊ ထူးမြတ်လျှံ ဆောက်လုပ်ရေး ကုမ္ပဏီတို့ကလည်းကောင်း၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင် သံကူကွန်ကရစ်(၂)ထပ် ( ၂၁၁)ပေ(၇၀)ပေ(၂)လုံးကို ထူးမြတ်ဂုဏ် ဆောက်လုပ်ရေး ကုမ္ပဏီ၊ စိုးမိုးသူ(SAT) ကုမ္ပဏီတို့ကလည်းကောင်း အသီးသီးတာဝန်ယူတည်ဆောက်ကြပြီး စုစုပေါင်း အဆောက်အဦ သစ်(၇)လုံးအတွက် တန်ဖိုးမှာ(၄၈၄၀.၀၄၀)ကျပ်သန်း ဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (၂)ကျောင်း၊ ယခုတည်ဆောက်မည့် အစိုးရစက်မှုလက်မှု သိပ္ပံကို ဘားအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များမှာ တည်ဆောက်ပေးသွားမှာ ပေးသွားမှာဖြစ်ပြီး ခရိုင်အဆင့်မြို့များတွင် ဆက်လက် ဆောင်ရွက်ပေးသွာမယ်လို့ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)