တနိုင်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး

တနိုင်း  ဇန်နဝါရီ  ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း (၉၅)ဦးအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး COVISHIELD ကို ယမန်နေ့နေ့လည်(၁၁)နာရီကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ပထမအကြိမ် စတင်ထိုးနှံ ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများတွင် သွေးပေါင်တက်၍ ချက်ချင်း ထိုးနှံမရသူ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ရောဂါအခံရှိနေသူများ မပါဝင်ကြောင်း ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလ (၂၈)ရက်တွင် ဆက်လက်ထိုးနှံ မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီး သူများသည်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ လိုက်နာနေထိုင်ရန် လိုအပ်ကြောင်းနှင့် ဇန်နဝါရီလ (၂၈)ရက်‌နေ့တွင် (၅၉)ဦးထိုးနှံပြီး ကျန်ရှိနေသူ ဝန်ထမ်းများအား ဇန်နဝါရီလ ယနေ့တွင် အပြီးထိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာ သန်းထွန်းဝင်းထံမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)