ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံတက် လူနာစောင့်များအား ကျန်းမာရေး အသိပညာပေး ဟောပြော

ကြံခင်း ဇန်နဝါရီ  ၂၉

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ကြံခင်းမြို့နယ် ပြည်သူ့ဆးရုံတွင် ဆေးရုံတက် လူနာစောင့်များအား သွေးတိုးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်၊ ကျန်းမာရေး အသိပညာရရှိစေရန် ရည်ရွယ်ပြီး ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ ပြည်သူ့ဆးရုံ လူနာစောင့်ခန်းမတွင် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံတက် လူနာစောင့်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆရာဝန်ကြီး ဒေါက်တာ ဝင်းနိုင်မှ သွေးတိုးရောဂါ ဆိုးကျိုးများအကြောင်းအား လည်းကောင်း၊ သူနာပြုဆရာမ ဒေါ်ယုယုသင်းမှ သိမှတ်စရာ သွေးတိုးရောဂါ ကျန်းမာရေးဆိုင်ရာ အသိပညာပေး သရုပ်ပြ အသိပညာပေးခဲ့ကြောင်း သိရသည်

ထိုသို့ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းကို ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူး ဒေါက်တာဝင်းနိုင်၊ သူနာပြုဆရာမ ဒေါ်ယုယုသင်းနှင့် ကျန်းမာရေးမှ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်ပို့ပို့ဇင် (ပြန်/ဆက်)