ကြံခင်း ဇန်နဝါရီ ၂၉
ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ထောက်ပံငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့ပေးငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးတာဖြစ်ပြီး ကြံခင်းမြို့နယ်အနေဖြင့် ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၀) စုစုပေါင်း (၃၅)အုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုအရေအတွက် (၁၃၀၀၄)အိမ်ထောင်စုအတွက် ထောက်ပံ့ငွေ စုစုပေါင်းကျပ် သိန်း(၂၆၀၀)ကျော် ရရှိခဲ့သည်။
အဆိုပါ နိုင်ငံတော်ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာများ အရောက်သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်ပို့ပို့ဇင် (ပြန်/ဆက်)