ဒဂုံမြောက် ဇန်နဝါရီ ၂၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ် လျက်ရှိရာ ထပ်တိုး ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်လေးသောင်းစီ ထောက်ပံ့ပေးအပ်မှုများအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ယမန်နေ့ နံနက်ပိုင်းက အခြေခံ လူတန်းစား အိမ်ထောင်စု များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဓမ္မာရုံများတွင် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၂၇) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု (၂၃၀၅၅) စုအတွက် ထပ်တိုးထောက်ပံ့ငွေကျပ် စုစုပေါင်းသိန်း (၉၂၂၂၀၀၀၀၀) ဖြစ်ပြီး ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)