မရမ်းကုန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားအိမ်ထောင်စု (၁၄၂၂၉) စုအတွက် ထောက်ပံ့ငွေ (၄၀၀၀၀)ကျပ်နှုန်း ကွင်းဆင်းစိစစ် ပေးအပ်ခြင်းအား ယမန်နေ့ နံနက် ၈ နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှု့ရေးအသင်းအဖွဲ့များ လိုက်ပါကွင်းဆင်းစိစစ်ပြီး ရသင့်ရထိုက်သူများ ရရှိစေရေး အတွက် လှည့်လည် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)