ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကလော   ဇန်နဝါရီ     ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ၊ မိုင်တိုင်အမှတ် (၅၃/၄) တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ် ဖွင့်လှစ်၍  အခြားတိုင်းဒေသကြီး/ပြည်နယ်မှ ရှမ်း(တောင်)သို့ ဝင်ရောက်လာသည့် "အတက်ကား" ကုန်တင်ယာဉ်မောင်း/ ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ    ၃ နာရီ ၁၀ မိနစ် အချိန်ခန့်က ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါတွေ့ရှိသူမှာ နတ်မောက်မြို့နယ်၊ ဂွေးပင်ကျေးရွာနေသူ ရန်ကုန်-အောင်ပန်းသွား (၁၂)ဘီး ကုန်တင်ယာဉ် မှ ယာဉ်မောင်းအသက်(၃၀)နှစ် အရွယ် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာအား ကလောမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ထားရှိမည်ဖြစ်ကြောင်း၊ ပိုးတွေ့လူနာနှင့်ထိစပ်မှုရှိသည့် နတ်မောက်မြို့နယ်၊ ဂွေးပင် ကျေးရွာနေသူ  ယာဉ်နောက်လိုက်အသက် (၂၁) နှစ်၊ အရွယ်အမျိုးသား တစ်ဦးအား ကလော မြို့၊ ဓမ္မယာန Quarantine Center တွင် Quarantine ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)