ဘုတလင်-မောင်းထောင်ကားလမ်းပေါ်တွင် တည်ဆောက်နေသည့် ကွန်ကရစ်ရေကျော်များ (၃၂) ရာခိုင်နှုန်းကျော် ပြီးစီး

ဘုတလင် ဇန်နဝါရီ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ ဘုတလင်-မောင်းထောင်ကားလမ်းပေါ်တွင် JICA ချေးငွေဖြင့် တည်ဆောက်နေသည့် ကွန်ကရစ်ရေကျော်တံတားများ (၃၂) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင်ထံ မှ သိရသည်။

ဘုတလင်-မောင်းထောင်ကားလမ်းပေါ်တွင် (၇၂)ပေ အရှည်ရှိ ကွန်ကရစ်ရေကျော်တံတားနှင့် (၃၆) ပေ အရှည်ရှိ ကွန်ကရစ်ရေကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ (၂၁၄ ဒဿမ ၈၇) သန်းဖြင့် Best Synergy ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ကွန်ကရစ် ရေကျော် တံတား များကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လက စတင်တည်ဆောက်ခဲ့ကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦး စီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင်က ပြောသည်။

အဆိုပါ ဘုတလင်-မောင်းထောင်ကားလမ်းရှိ ကွန်ကရစ်ရေကျော်တံတား နှစ်စင်းကို သတ်မှတ် အရည် အသွေး နှင့် စံချိန်စံညွှန်း ပြည့်မီရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အရည် အသွေး စစ်ဆေး ရေးအဖွဲ့ များနှင့် JICA မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း အဆင့် တစ်ခုချင်းအလိုက် ပြီးစီးမှု အခြေအနေ များကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နှင်းယုအေး