ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့အား စိစစ်ရွေးချယ်

အင်တော      ဇန်နဝါရီ     ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့ဌာနဆိုင်ရာ ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ် ရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ကျောက်ဂူကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့်ဌာနဆိုင်ရာကွင်းဆင်းအဖွဲ့တို့က  ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး အသစ်များရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဆိုင်ရာ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး မြို့ဌာနဆိုင်ရာ ကွင်းဆင်းရွေးချယ်ရေးအဖွဲ့နှင့် ကျေးရွာ (၂၆) ရွာမှ တက်ရောက်လာသူများက  သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကြီးကြပ်ရေး အဖွဲ့(၅) ဦးကို  စနစ်တကျ ရွေးချယ် ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။

ထိုသို့အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင် (၅)ဦးကို မြို့ဌာနဆိုင်ရာ ကွင်းဆင်း ရွေးချယ်ရေး အဖွဲ့ဝင်များမှ မြို့ပေါ်(၆)ရပ်ကွက်၊ အုန်းကွဲကျေးရွာအုပ်စု၊ နန်းကောင်းမှုကျေးရွာအုပ်စု၊ နောင်လုံကျေးရွာ အုပ်စုနှင့် နောင်ဝိုး ကျေးရွာအုပ်စုတို့၌ ကွင်းဆင်း၍ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လိုသူများကို သတ်မှတ်ချက်များနှင့် အညီ ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ခိုင်(အင်တော)