လောင်းလုံးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးမှုပြုလုပ်

လောင်းလုံး ဇန်နဝါရီ ၂၉

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ် လျော့နည်းစေရန်ရည်ရွယ်ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ထို့သို ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး၊ ဦးပြည့်ဖြိုးအောင် နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄) ဦးမှ ပြင်ပတွင်ရောင်းချ​နေသော စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးထားရှိမှုအခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးချိတ်မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုရမည့် အသိပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း( ပြန်/ဆက်)