လှိုင်းဘွဲ ဇန်နဝါရီလ ၂၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ် (MCCT)အကျိုးခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က သာယာကုန်းကျေးရွာတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောရွှေဘော်နှင့် တာဝန်ရှိသူ များက လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် ထောက်ပံ့ပေးအပ်သော သာယာကုန်းကျေးရွာ သက်ကြီးအဘိုး(၁၆)ဦး၊အဘွား(၂၄)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၈၈)ဦးနှင့် အသက် (၂)နှစ်အောက် ကလေး(၄၁၀)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၂၄၄၀၀၀၀)ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)