သတင်းများ

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် Mobile Market စျေးရောင်းယာဉ်များဖြင့် မီးဖိုချောင်သုံး စားသောက်ကုန်များ ရောင်းချ
Jan 30,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်း လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များ အား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်
Jan 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကျဒယ်ရပ်ကွက် စာကြည့်တိုက်တွင်ကျင်းပခဲ့ကြောင်းသိရသည်။
တမူးခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်(ထပ်တိုး) ထောက်ပံ့ငွေများပေးအပ်
Jan 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ် (ထပ်တိုး) ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်မှစ၍ ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် Quarantine ဝင်ရောက်နေသူများမှ ဒုတိယအကြိမ် Swab ယူရန်ကျန်ရှိသူ (၄၄)ဦးအား Swab နမူနာ ယူစစ်ဆေးရာမှ (၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Quarantine ဝင်ရောက်နေသူများအနက် ဒုတိယအကြိမ် Swab ယူရန်ကျန်ရှိသူ(၄၄)ဦးအား၊ ယမန်နေ့က Swab ယူစစ်ဆေးရာမှ သီလရှင်ဆရာကြီး(၁)ဦးအပါအဝင် စုစုပေါင်း (၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဒေါပုံ မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံ
Jan 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများအားကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးများကို ပထမအကြိမ် စတင်ထိုးနှံပေးကြောင်းသိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်
Jan 30,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာ ၃ ရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပဲခူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 30,2021
ပဲခူးမြို့နယ် ရှမ်းရွာကြီးအုပ်စုနှင့် ပေပင်ချောင်းကျေးရွာအုပ်စုတို့တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင်ပြနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးအား ဥပဒေ၊ နည်းဥပေဒများနှင့်အညီ ရွေးချယ် ဆောင်ရွက်ရာတွင် ကြီးကြပ်ဆောင်ရွက်နိုင်ရန် မြို့နယ်ကြီးကြပ်ရေးအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာလေးဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရ
Jan 30,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီ ဆေးကုသဆောင်တွင် စောင့်ကြပ်ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ လေးဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။