ပဲခူး ဇန်နဝါရီ ၃၀
ပဲခူးမြို့နယ် ရှမ်းရွာကြီးအုပ်စုနှင့် ပေပင်ချောင်းကျေးရွာအုပ်စုတို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီက အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင်ပြနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးအား ဥပဒေ၊ နည်းဥပေဒများနှင့်အညီ ရွေးချယ် ဆောင်ရွက်ရာတွင် ကြီးကြပ်ဆောင်ရွက်နိုင်ရန် မြို့နယ်ကြီးကြပ်ရေးအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နောင်ဝင်းက ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းပဒေများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရွေးချယ်ဖွဲ့စည်းနိုင်ရေး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်မှူးဦးဝင်ကျော်တို့ ကွင်းဆင်းမှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)