သတင်းများ

ဖလမ်းမြို့ မီးဘေးသင့် ပြည်သူများအတွက် ဟားခါးလူငယ်အသင်း (Hakha Youth Organization)က ထောက်ပံ့ငွေကျပ် (၄၅)သိန်း လာရောက်လှူဒါန်း
Jan 30,2021
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ဟားခါးလူငယ်အသင်း (Hakha Youth Organization) က ဖလမ်းမြို့ မီးဘေးသင့်ကူညီရေး အဖွဲ့ထံသို့ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်ကာ အလှူငွေများကို ဖလမ်းမြို့ မီးဘေးသင့်ကူညီရေးအဖွဲ့ ပြည်တွင်း ပြည်ပ မီးဘေးသင့် အလှူငွေရှာဖွေရေး တာဝန်ခံ ဆလိုင်းငယ်ပီး သျှန်းအုပ်ထန်းက လက်ခံရယူသည်။
​ ချောက်မြို့နယ်တွင်ကိုဗစ်-၁၉ ​ရောဂါထိန်းချုပ်ကာကွယ်နိုင်​ရေးညှိနှိုင်း​ဆွေး​နွေး
Jan 30,2021
မ​ကွေးတိုင်း​ဒေသကြီး ​ချောက်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ခန်းမတွင် ယမန်​နေ့ည​နေက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီမှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်​ရေး မပြန့်ပွား​စေ​ရေး ညှိနှိုင်း​ဆွေး​နွေးပွဲပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (Sand Dam) ဆည်ကျောက်ရိုးစီ တမံဆောင်ရွက်နေမှု များအား ကွင်းဆင်းစစ်ဆေး
Jan 30,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (Sand Dam) ဆည်‌ ကျောက်ရိုးစီ တမံဆောင်ရွက်နေမှုအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင် အဆောက်အဦသစ် RCC (၂) ထပ် ဆောက်လုပ်
Jan 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင် အဆောက်အဦသစ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် အလှူရှင်များမှ လှူဒါန်းငွေတို့ဖြင့် RCC (၂) ထပ် အဆောက်အဦသစ် ဆောက်လုပ်နေကြောင်း သိရှိရသည်။
မဲသမူးကျေးရွာ အုပ်စုတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ် အရောက်ပေးအပ်
Jan 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ် အတွက် ငွေကျပ် (၃၀၀၀၀)ကျပ်စီကို ယနေ့နံနက်ပိုင်းမှစ၍ မဲသမူးကျေးရွာ အုပ်စုရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးမှူး (၅)ဦးရွေးချယ်ခြင်း ကွင်းဆင်းဆောင်ရွက်
Jan 30,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး ကောင်းများ ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်/ကျေး ရွာအုပ်စု ရပ်မိ/ရပ်ဖများရွေးချယ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့မ(၃)ရပ်ကွက် ပိန္နဲ တိုက်ရပ်ကွက်ရှိ မွန်ပရိယတ္တိစာသင်တိုက်ကျောင်း ဓမ္မရုံ၌ ပြုလုပ်သည်။
သံဖြူဇရပ်မြို့၌ ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်ဖွဲ့စည်းရေး ဌာနဆိုင်ရာများမှ ကွင်းဆင်း ဆောင်ရွက်
Jan 30,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က သံဖြူဇရပ်မြို့နယ် ဆင်တောင်ကျေးရွာ ကဒါတ်ထောက်(ဓမ္မာရုံ)တွင် ပြုလုပ်သည်။
ဟိုမိန်းတိုက်နယ်ဆေးရုံ၌ တီဘီရောဂါရှာဖွေစမ်းသပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ကွင်းဆင်း ကုသပေး
Jan 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံ၌ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေး (Mobile Team) အဖွဲ့နှင့် လင်းခေးမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကုသရေးအဖွဲ့တို့သည် တီဘီရောဂါ ရှာဖွေစမ်းသပ်ကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။