ကော့ကရိတ်မြို့နယ်တွင် CDD စီမံကိန်းလုပ်ငန်းများအား ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Jan 30,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းမှ (တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသော ရေပူကြီးအုပ်စု လေးတိုင်ကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ရေကျော်ကြီး အုပ်စု တံတားကျိုး ကျေးရွာ ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်းတို့အား ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြို့တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစတင့်ဝေနှင့် မြို့နယ်ကျေးလက် ဦးစီးမှူး ဦးစောဆားဒေါက်ဖေါ့ တို့မှ ယမန်နေ့ မွန်းလွဲပိုင်း တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။