ကျောက်ပန်းတောင်း ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Quarantine ဝင်ရောက်နေသူများအနက် ဒုတိယအကြိမ် Swab ယူရန်ကျန်ရှိသူ(၄၄)ဦးအား၊ ယမန်နေ့က Swab ယူစစ်ဆေးရာမှ သီလရှင်ဆရာကြီး(၁)ဦးအပါအဝင် စုစုပေါင်း (၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက်နေသူ(၂၀၄)ဦးမှ ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊ ဒုတိယအကြိမ် Swab ယူစစ်ဆေးရန် ကျန်ရှိသူ(၄၄)ဦးအား Swab နမူနာများရယူ၍ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာတွင် ကျောင်းစုကျေးရွာမှ အသက်(၆၂)နှစ် သီလရှင် ဆရာကြီး(၁)ဦးအပါအဝင် စုစုပေါင်း(၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ လူနာ(၈)ဦးကို ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများကို စုံစမ်းဖော်ထုတ်၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Centre သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)