ပွင့်ဖြူမြို့နယ် အနောက်အင်းကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်လမ်းခင်းကျင်းနေမှု ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး
Jan 29,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ အနောက်အင်းကုန်းကျေးရွာတွင် ဒေသခံကျေးလက်နေ ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းမြေသားလမ်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မှု ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီရေး ဇန်နဝါရီ ၂၉ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ဝေဇင်ဝင်း (အငယ်တန်းအင်ဂျင်နီယာ - ၂)နှင့် ဝန်ထမ်းများ အဖွဲ့က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။