တမူးခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်(ထပ်တိုး) ထောက်ပံ့ငွေများပေးအပ်

တမူး  ဇန်နဝါရီ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ် (ထပ်တိုး) ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်မှစ၍ ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ စတုတ္ထအကြိမ်(ထပ်တိုး) ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ခရိုင်အတွင်းရှိ တမူးမြို့နယ်မှ အခြေခံလူတန်းစား အိမ်ထောင်စု (၃၆၄၁)စု၊ ခမ်းပါတ်မြို့မှ(၃၁၇၀)စု၊ မြို့သစ်မြို့မှ(၇၁၃)စု၊ စုစုပေါင်း အိမ်ထောင်စု (၇၅၂၄)စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် (၁၅၀၄၈၀၀၀၀)ကျပ်ကို စတုတ္ထအကြိမ်(ထပ်တိုး) ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပြီး ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများအလိုက် အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ကျော်သူရ(ပြန်/ဆက်)