ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Jan 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ် ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စု များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်များ အလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။