ဒေါပုံ မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံ

ဒေါပုံ   ဇန်နဝါရီ   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌  ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများအားကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးများကို ပထမအကြိမ် စတင်ထိုးနှံပေးကြောင်းသိရသည်။

ဒေါပုံမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ဝန်ထမ်း(၂၅)ဦး တွင် ဆေးထိုးသူ (၆) ဦးထိုးနှံပြီးဒုတိယအကြိမ် အဖြစ်ဖေဖော်ဝါရီ( ၂၈) ရက်နေတွင်ထိုးနှံမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ဆေးသည်တစ်လုံးလျှင် ၁၀ ဦး ထိုးနှံနိုင် ကြောင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသော ကျန်းမာရေးဝန်ထမ်း (၁၉) ဦးမှာ တစ်ခြားသောကာကွယ်ဆေးများ ထိုးနှံထားသောကြောင့် မထိုးနှံရသေးခြင်းဖြစ်ကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးမှူးမှပြောကြားသည်။

သဲစုစုလွင်(ပြန်/ဆက်)