သတင်းများ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေး အလှူငွေကျပ်သိန်း (၁၀၀၀)ကျော် လှူဒါန်း
Jan 31,2021
ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်နှင့် ရွှေချောင်းတောရ စာသင်တိုက် ဆရာတော်တို့မှ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းတိုက်များ၌ နိုင်ငံတော်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အထက (ဝက်ပုတ်) ကျောင်းဝန်း အတွင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျိုင်းတုံမြို့၌ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း ဖွင့်လှစ်မည်
Jan 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီဌာနမှ မူးယစ်ဆေးသုံးစွဲသူပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်သည့် ရပ်ရွာဒေသဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ စခန်းအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း သိရသည်။
မအူပင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြ
Jan 31,2021
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၂)ရပ်ကွက် ကားလမ်းဘေးရှိ DENKO ဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးလက်ရေရရှိရေး လုပ်ငန်းနှင့် ကုန်ထုတ်တံတားတည်ဆောက်ရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး
Jan 31,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက် ရေရရှိရေး လုပ်ငန်းနှင့် ကုန်ထုတ်တံတားတည်ဆောက်ရေးလုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးမှ ယမန်နေ့ နံနက်ပိုင်းကကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့သည်။
ကော့သောင်းမြို့တွင် တောမီးလောင်မှုဖြစ်ပွား
Jan 31,2021
ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် ၊ ရွှေပြည်သာသုသာန်အဝင်လမ်း ဝဲဖက်တောင်စောင်းတစ်လျှောက် ယမန်နေ့ ညနေပိုင်း က တောမီးလောင်ကျွမ်း မှုဖြစ်စဉ်တစ်ခုဖြစ်ပွားသည်။
ကျောက်တံတားမြို့နယ်အမှတ်(၇)ရပ်ကွက်တွင် ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရွေးချယ်​​ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦး အား စိစစ်ရွေးချယ်
Jan 31,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင် ​ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်​​ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့ ​ည​နေ(၄))နာရီအချိန်က အမှတ် (၇)ရပ်ကွက်ဓမ္မာရုံတွင် စိစစ်ရွေးချယ်ခြင်းပြုလုပ်ခဲ့​ကြောင်းသိရသည်။
ရေတာရှည်မြို့နယ်တွင် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု
Jan 31,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဇင်၊ တောင်ငူခရိုင်ဦးစီးမှူး ဦးသိန်းလွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်​ဆေး ကြည့်ရှုခဲ့ရာ တာဝန်ခံ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ တာဝန်ရှိသူများက ထယ်ထိုးခြင်း၊ ကန်သင်းဖော်ခြင်း၊ မြေညှိခြင်း၊ ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ ကွင်းပတ်လမ်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ ကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ထက် တောင်သူများ၏ ရေရှည် အကျိုးစီးပွါးကို ငဲ့ကွက်၍ စေတနာပါပါဖြင့်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။