ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ(၆၇)ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေး
Feb 18,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့၊မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် သီးခြားထားရှိပြီး ချင်းရွှေဟော်နယ်မြေခံ စကခ(၁)၊ကျောက်မဲ၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ်(၂)တပ်ခွဲမှ ဆေးမှူးဆရာဝန် ဗိုလ်ကြီးဌေးဦးနှင့်အဖွဲ့၊ အမှတ်(၂၃၉)၊ ခြေလျင်တပ်ရင်း၊ ဆေးတပ်စုမှဆေးမှူး ဗိုလ်ကြီးချမ်းငြိမ်းဆွေနှင့်အဖွဲ့က ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။