သဲကုန်း ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အထက(ဝက်ပုတ်) ကျောင်းဝန်းအတွင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်း ၊မြို့နယ် ပညာရေးမှူး ဦးဌေးဝင်း၊ ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်အိဇင်ဖြိုးနှင့် ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များ ၊ကျေးရွာနေပြည်သူများ၊ ကျောင်းဆောင်သစ် အား တာဝန်ယူဆောက်လုပ်မည့် လေးမြို့နဒီကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်လှဌေးမြင့် နှင့်တာဝန်ရှိသူများ စုစုပေါင်း(၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး မင်္ဂလာချိန်တွင် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ပန္နက်တိုင်များကို ရိုက်သွင်းပေးခဲ့ကြသည်။
အဆိုပါဆောက်လုပ်မည့်ကျောင်းဆောင်သစ်မှာ (၉၀ x ၃၀) ပေအရွယ် Steel Structure အမျိုးအစား (၁)ထပ် အဆောက်အဦဖြစ်ပြီး ငွေကျပ်(၄၄.၅၅၀)သန်း အကုန်အကျခံကာ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)