ကျောက်တံတား ဇန်နဝါရီ ၃၁
ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့ ညနေ(၄))နာရီအချိန်က အမှတ် (၇)ရပ်ကွက် ဓမ္မာရုံတွင် စိစစ်ရွေးချယ်ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ ပူးပေါင်းရေးအဖွဲ့မှ ဒုရဲမှူး မောင်မောင်လွင်က ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနည်းပဒေများနှင့်လုပ်ငန်းစဉ် များ ကို ရှင်းလင်းပြောကြားပြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်ဇင်ထွန်း ကကြီးကြပ်ရေးအဖွဲ့(၅)ဦး၏ လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို ရပ်ကွက်အတွင်းရှိအိမ်ထောင်စု ကိုယ်စားလှယ်များ၏ရှေ့မှောက်တွင်သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရွေးချယ် ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦး ရွေးချယ်ခြင်း လုပ်ငန်းမဆောင်ရွက်မီကပင် မြို့နယ်ကွင်းဆင်းရွေးချယ်ရေးအဖွဲ့ဝင်များမှ အဖွဲ့များခွဲကာ တာ၀န်ကျ ရပ်ကွက် များ သို့ ကွင်းဆင်းကာအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပေးခဲ့ကြပြီးနောက် ယခုကဲ့သို့ သတ်မှတ် ချက်များအညီ စနစ်တကျ စိစစ်ရွေးချယ်ခြင်းများကို ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရွှေနန်းမေ