တာမွေမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တိုးချဲ့ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်
Jan 31,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာ ကောင်းမွန် စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်စည်ပင် သာယာ ရေး ကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ခရီးသွားပြည်သူများ သွားရေးလာရေးတွင် အဆင်ပြေချောမွေ့စေ ရေးအတွက် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် သတိပဋ္ဌာန်လမ်းတစ်လျှောက် တိုးချဲ့ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။